ငါးဆယ်.........
ဒီငါးဆယ်ဘယ်အရေးရယ်လဲလို့
သင်တွေးကာပြုံးလှောင်ရယ်ရင်ရယ်နေမပေါ့
ဒါပေမယ့်..ငါ့သခင်ရဲ့အပြုံးတွေဝေးကွာ
ငါ့ကိုငါနာကျဉ်းခဲ့ဖုးတယ်။
ငါးဆယ်..........
တစ်ခါတုန်းကတက္ကသိုလ်မှာ
ဒီငါးဆယ် ငါမပိုင်ဆိုင်လို့
ငါ့ချစ်သုခြေဖဝါးနုကို
သွေးချဉ်တောင်ဥစေခဲ့တယ်။
ငါးဆယ်........
အိမ်အပြန်ကားခရှာ
သု့ခမျာမျက်ရည်ဝဲလည်နဲ့
အော်..ကိုယ်ရယ်ရှာပါဦးရယ်တဲ့
အားကိုးတကြီးပြောဖုးရှာတယ်။
ငါးဆယ်............
ရခဲ့ဖုးသမျှဒဏ်ရာ
ဒီတစ်ခါအနာဆုံးရယ်
မရှိတဲ့သိက္ခာ..ငါးဆယ်မှာကြွေကျမြေခ
ချစ်သောသုချွေးအစို့ကို
ကိုယ်သုတ်ကာပေးသော်ငြားလဲ
သု့ကိုသနားစိတ်ရယ်ကြောင့်
ရင်ဆို့ခဲ့တယ်။
No comments:
Post a Comment