Tuesday, May 22, 2012

သိက္ခာမဲ့ငိုရှိုက်သံ

ငါ့မျက်ရည်တွေက သင့်အတွက်အေးမြစေသတဲ့လား
ငါ့ငိုရှိုက်သံတွေက  သင့်အတွက်ငြိမ့်ညောင်းစေသတဲ့လား
ငါ့ညဉ်းတွားမှုတွေက  သင့်အတွက်ကဗျာတစ်ပုဒ်တဲ့လား
ငါ့မျက်ရည်နဲ့ငါ့နှလုံးသားတွေကိုတိုက်စားပြလိုက်တာ
ကမ်းပါးတွေပြိုကျလို့ပြိုကျမှန်းမသိ
မင်းကျေနပ်ရုံတစ်ခုတည်းအတွက်
ငါ့မျက်ရည်တွေစီး ပြို ကျ ပြခဲ့ရသုပါလေ..။


မာယာများသောမြစ်

ငါဟာမြစ်တစ်စင်းပါ
မာနမရှိလို့ငါမထောင်လွှားခဲ့ဘုးလေ
ငါတစိမ့်စိမ့်ငိုကြွေးခဲ့ရတာက
မင်းအတွက်တေးသွားတစ်ပုဒ်တဲ့လား
သာမန်စီးဆင်းမြဲစီးဆင်းနေရင်းက
ငါ့ကိုမာယာများစေခဲ့သုက..မင်းပါ။
လှိုင်းတဘိုးတွေအလိပ်လိပ်ထွက်
ငါအော်ခေါ်သံကြားခါမှ
မင်းကအဝေးဆုံးပြေးထွက်သွားခဲ့တယ်
ဒါတွေကငါ့ရဲ့ရင်ကွဲသံစဉ်တွေပေါ့
လွမ်းကြသုအချင်းချင်းတောင်
ငါ့မျက်ရည်နဲ့ငါ မငိုရတော့ဘုးလားကွယ်..။