Thursday, June 14, 2012

မြစ်များ၏မာယာ

ရေအဆင်းကကြည်
စီးဆင်းသံငှက်တော
မွေးပျံ့ရာပန်းမျိုးပေါတယ်
နွံမထတဲ့ဒီမြစ်ကလေးမှာ
ရေကုးချင်စမ်းဘိ..။

အထင်ရယ်..အလွယ်လိုက်ပါနဲ့
ဒီမာယာအကြည်တွေကြားက
ငါ့နှလုံးအိမ်အလယ်ခေါင်ထဲမှာ
နင်မမြင်သာငရဲဘုံတစ်ထပ်
နင့်အတွက်စောင့်ကြို..။

စီးဆင်းမှုအဆုံးသတ်မဲ့..မြစ်

တွေ့လဲမခေါ်အော်လဲမကြား
အသူရကယ်ဘဝနဲ့နွားတစ်ကောင်
နှလုံးသားရဲ့သောကအလယ်လောက်က
ဒီမျက်ရည်စက်တွေငါမွေးဖွားခဲ့တယ်
ပျော်ပါစေချစ်သု
တစ်ခါကချောမွေ့သောလမ်းမှာ
အမှောင်ကမ္ဘာကိုငါတွေ့ခွင့်ရခဲ့ပြီ
စမ်းတဝါးဝါးနဲ့ရှာဖို့တောင်
မျက်လုံးတစ်စုံနင်ပေးသနားတော်မမုခဲ့ဘုး
ဒါဟာပဉ္စလက်တဲ့လား
အကန်းကမော့နေတာကိုမှ
နင့်အလှမှာငါ့ကိုငါယစ်မုးခဲ့တယ်
ငါဟာငရဲသွားဖို့ကိုယ့်ကိုကိုယ်နဖားကြိုးထိုး
နင့်နှလုံးသားမှာအနားသတ်
မုသားတွေနဲ့
နင့်ကိုစိတ်ဆင်းရဲမှုတဝကြီးပေးခဲ့တယ်
အကုသိုလ်ဆိုတာငါ့ရဲ့ကျောချရာစက်တော်ကော်ဇောတချပ်မို့
အပယ်လေးဘုံမှာတဝကြီးကျင်လည်ပြီးမှ
နင့်အတွက်ငါကောင်းမှုတစ်ခုပေးဖို့
အပြုံးတွေနဲ့ပြန်ခဲ့မယ်။