Sunday, July 8, 2012

မငိုကြစတမ်း

ငှက်တစ်ကောင်ရဲ့
တောင်ပံခပ်သံတစ်ချက်ကြားလိုက်ရစဉ်မှာပဲ
အနယ်ထိုင်နေတဲ့ငါ့နှလုံးသားက
ကပျာကယာ နိုးထလို့
ငါ့စိတ်အာရုံတွေကို.မင်းဆီအရောက်ပို့ဆောင်လေတော့တယ်..။

အနောက်အရပ်ကိုနေစောင်းပြီဆိုရင်ပဲ
ငှက်တွေတောင်အိပ်တန်းမပြန်ခင်
ငါ့ရဲ့စိတ်အစဉ်မှာလေ
တောင်းပံတွေလဲမရှိပါပဲနဲ့
စားကျက်မြေကိုစွန့်ခွာလေတော့တယ်..။

ကဲအခုတော့
နေဝင်ရှာပြီလေ..ဝေ..ရဲ့
ကိုယ့်မျက်လုံးတွေ မှေးမှိတ်ပါရစေတော့
အလင်းတစ်ခါပြန်ဆို မင်းကိုပိုလွမ်းမိမှာမို့
အလွမ်းအိမ် မျက်ရည်စမ်းက
ခမ်းတော့မယ့်အရာ
ဒီညမှာပိုကာဖြည့်မယ်
မနက်ဖန် မငိုကြစတမ်း..။