Monday, June 4, 2012

ချစ်သုအတွက်မပေးဆပ်နိုင်ခဲ့သော..ငါးဆယ်တန်တစ်ရွက်

ငါးဆယ်.........

ဒီငါးဆယ်ဘယ်အရေးရယ်လဲလို့
သင်တွေးကာပြုံးလှောင်ရယ်ရင်ရယ်နေမပေါ့
ဒါပေမယ့်..ငါ့သခင်ရဲ့အပြုံးတွေဝေးကွာ
ငါ့ကိုငါနာကျဉ်းခဲ့ဖုးတယ်။

ငါးဆယ်..........

တစ်ခါတုန်းကတက္ကသိုလ်မှာ
ဒီငါးဆယ် ငါမပိုင်ဆိုင်လို့
ငါ့ချစ်သုခြေဖဝါးနုကို
သွေးချဉ်တောင်ဥစေခဲ့တယ်။

ငါးဆယ်........

အိမ်အပြန်ကားခရှာ
သု့ခမျာမျက်ရည်ဝဲလည်နဲ့
အော်..ကိုယ်ရယ်ရှာပါဦးရယ်တဲ့
အားကိုးတကြီးပြောဖုးရှာတယ်။

ငါးဆယ်............

ရခဲ့ဖုးသမျှဒဏ်ရာ
ဒီတစ်ခါအနာဆုံးရယ်
မရှိတဲ့သိက္ခာ..ငါးဆယ်မှာကြွေကျမြေခ
ချစ်သောသုချွေးအစို့ကို
ကိုယ်သုတ်ကာပေးသော်ငြားလဲ
သု့ကိုသနားစိတ်ရယ်ကြောင့်
ရင်ဆို့ခဲ့တယ်။

ကျားကလေးနဲ့နွားကလေး

ထွေထွေထုးထုးတော့မဟုတ်ပါဘုးငယ်ငယ်ကအဖွားပြောပြဖုးတဲ့ဝတ္တုတိုလေးကိုအခြေခံထားတာပါ....
သိမကြာခင် အချိန်ကာလလေးတစ်ခုကပေါ့ဗျာ..
ကျားဆိုတဲ့ကောင်လေးတစ်ယောက်နဲ့နွားဆိုတဲ့ကောင်မလေးတစ်ယောက်
တစ်ယောက်ကိုတစ်ယောက်ချစ်ကျွမ်းဝင်ကြပြီးတော့
ဘဝတစ်ခုကိုတုတုဖြတ်သန်းဖို့အရေးကြီုးစားကြသတဲ့လေ
ဒီလိုနဲ့သုတို့နေထိုင်ရာနေရာဒေသမှာစားကျက်မြေတွေကခေါင်ပါး
လုတွေကသစ္စာသမာဓိမဲ့လာကြတော့
ကျားလေးနဲ့နွားမလေးတို့သုတို့ဘဝရှေ့ရေးဆွေးနွေးတိုင်ပင်ကြရင်း...နွားမလေးကပြောသတဲ့
ကိုရွှေကျားလေးရေ..ကျုပ်တို့ဒီအတိုင်းဒီနေရာမှာရှာဖွေစားသောက်လို့တော့
ချမ်းသာမယ့်လမ်းမမြင်ဘုးတော်ရေ.ဒါကြောင့်တစ်ရွာမပြောင်းသုကောင်းမဖြစ်.ရေကြည်ရာမျက်နုရာရှာကြရအောင်လား။
ပြောလာတော့..ကျားလေးကလဲသဘောတု..ကဲဒါဆိုလဲနွားမလေးရေ..
ကျုပ်နိုင်ငံခြားဆိုတဲ့စားကျက်မှာအစာရှာထွက်မဟဲ့.ကျားမလေးအိမ်မှာပဲနေပေါ့..
ဒါပေမယ့်.ဒီနယ်တစ်ဝိုက်မှာကလဲတခြားကျားတွေခြင်္သေ့တွေကသောင်းကျန်းသကွယ်..
နွားမလေးကိုတခြားကျားကြီးတွေခြင်္သေ့ကြီးတွေကဝိုင်းဝန်းရန်ပြုလာတဲ့အချိန်
နွားမလေးဘေးမသီရန်မခစေဖို့ကျားလေးဆီအချက်ပေးအကြောင်းကြားလို့ရအောင်
ခေါင်းလောင်းလေးတစ်လုံး(ဖုန်း)ချန်ထားခဲ့ပေးမယ်..။
တကယ်လို့ဘေးအန္တရာယ်တစ်ခုခုကြုံလာရင်.ကျားလေးဆီချက်ချင်းဆက်သွယ်ပါ..ပေါ့။
အဲလိုနဲ့ကျားလေးခမျာအရမ်းချစ်ရတဲ့နွားမလေးကိုချန်ထားခဲ့ပြီးစားကျက်ရှာထွက်လာခဲ့တာ
နွားမလေးကိုလဲတခြားကျားတွေ ခြင်္သေ့တွေစားမှာလဲတွေးပု..နေရရှာသပေါ့။
ဒိလိုနဲ့ကျားလေးမှာရှာသမျှနွားမလေးအတွက်ပဲဆိုတဲ့စိတ်နဲ့အလုပ်လုပ်နေလိုက်တာ
သိပ်မကြာခင်မှာပဲ..နွားမလေးဆီကဖုန်းခေါ်သံတစ်ချက်ကြားလိုက်ရတော့..
ကျားလေးမှာထုထုပုပုနဲ့ငါ့နွားမလေးဘာများဖြစ်ပြီလဲဆိုပြီးနွားမလေးလေးဆီအရောက်သွား
 ဟိုရောက်တော့နွားမလေးက..ရှင်ကျွန်မကိုတစ်ကယ်ချစ်မချစ်စမ်းတာတဲ့လေ။
ဒါနဲ့ပဲကျားလေးကပြန်လာနောက်ထပ်အလုပ်တွေလုပ်
နောက်နဲနဲကြာတော့..နောက်ထပ်ဖုန်းမြည်သံလေးကြားနွားမလေးကလာကယ်ပါပြောတော့
နောက်တစ်ကြိမ်နွားမလေးဆီအပြေးသွား.ဟိုရောက်တော့..သု့နွားသုငယ်ချင်းတွေက
နင့်အကောင်နင့်ကိုတစ်ကယ်ချစ်မချစ်စမ်းခိုင်းတာတဲ့လေ..။
ဒီလိုနဲ့ကျားလေးလဲသု့အလုပ်လုပ်ရာစားကျက်မြေအသစ်ဆီပြန်လာ.အလုပ်တွေလုပ်နေပြန်တော့
နောက်တစ်ကြိမ်ဖုန်းခေါ်လာပါလေရောတဲ့..နွားမလေးကသု့ကိုအမြန်လာကယ်ပါပေါ့
ဒါနဲ့ကျားလေးကလမ်းစရိတ်လဲမလွယ်ပါကွယ်.အရင်၂ခါကလိုသုငါ့ကိုစမ်းတာပဲနေမှာပါလေဆိုပြီး
ပိုက်ဆံတွေကြိုးစားရှာဖွေစုနေလိုက်တာ
နောက်ဆုံးသု့သုငယ်ချင်းတစ်ယောက်သုနေထိုင်ရာစားကျက်မြေကိုရောက်လာရင်းကသတင်းကြားလိုက်ရတာက..
(ကျားလေးရေ..မင်းရဲ့နွားမလေး..မင်းထက်ခွန်အားဗလဓနအင်အားသာတဲ့ကျားကြီးတစ်ကောင်နဲ့
ခြင်္သေ့တွေကြားထဲမှာပျော်နေလေရဲ့)တဲ့..။..ပုံပြင်လေးကတော့..ဒါပါပဲ