Sunday, June 17, 2012

အလွမ်း

အလွမ်းပေါ်အလွမ်းထပ်
အလွမ်းတွေပစ်ရမတ်ကြီးဖြစ်လို့
အလွမ်းတွေအရစ်ရစ်နဲ့
ရင်ဘတ်တစ်ခုလုံးအလွမ်းဖုံးနေခဲ့ပြီ
လွမ်းရမယ်ဆိုတာသိသိကြီးနဲ့
ဒီလမ်းကိုငါလှမ်းခဲ့တာ
မလွမ်းဖုးခင်အချိန်တုန်းက
အလွမ်းဆိုတာဒီလောက်ကြမ်းလိမ့်မယ်မထင်မိခဲ့ဘုး..။
အခုတော့...
အလွမ်းနဲ့ကုန်ဆုံးရတဲ့တစ်စက္ကန့်ဟာ
စိတ်ဓာတ်တွေအယိုင်ယိုင်လဲ
အဓိပ္ပာယ်ဆိုတာတွေလဲဝေလာဝေးလို့
ဒါတောင်
ဒီအလွမ်းအရီးလမ်းတွေဆက်ရှိနေဆဲ
တွေးကြည့်ရင်းမောလှပါပြီကွယ်......။

Thursday, June 14, 2012

မြစ်များ၏မာယာ

ရေအဆင်းကကြည်
စီးဆင်းသံငှက်တော
မွေးပျံ့ရာပန်းမျိုးပေါတယ်
နွံမထတဲ့ဒီမြစ်ကလေးမှာ
ရေကုးချင်စမ်းဘိ..။

အထင်ရယ်..အလွယ်လိုက်ပါနဲ့
ဒီမာယာအကြည်တွေကြားက
ငါ့နှလုံးအိမ်အလယ်ခေါင်ထဲမှာ
နင်မမြင်သာငရဲဘုံတစ်ထပ်
နင့်အတွက်စောင့်ကြို..။

စီးဆင်းမှုအဆုံးသတ်မဲ့..မြစ်

တွေ့လဲမခေါ်အော်လဲမကြား
အသူရကယ်ဘဝနဲ့နွားတစ်ကောင်
နှလုံးသားရဲ့သောကအလယ်လောက်က
ဒီမျက်ရည်စက်တွေငါမွေးဖွားခဲ့တယ်
ပျော်ပါစေချစ်သု
တစ်ခါကချောမွေ့သောလမ်းမှာ
အမှောင်ကမ္ဘာကိုငါတွေ့ခွင့်ရခဲ့ပြီ
စမ်းတဝါးဝါးနဲ့ရှာဖို့တောင်
မျက်လုံးတစ်စုံနင်ပေးသနားတော်မမုခဲ့ဘုး
ဒါဟာပဉ္စလက်တဲ့လား
အကန်းကမော့နေတာကိုမှ
နင့်အလှမှာငါ့ကိုငါယစ်မုးခဲ့တယ်
ငါဟာငရဲသွားဖို့ကိုယ့်ကိုကိုယ်နဖားကြိုးထိုး
နင့်နှလုံးသားမှာအနားသတ်
မုသားတွေနဲ့
နင့်ကိုစိတ်ဆင်းရဲမှုတဝကြီးပေးခဲ့တယ်
အကုသိုလ်ဆိုတာငါ့ရဲ့ကျောချရာစက်တော်ကော်ဇောတချပ်မို့
အပယ်လေးဘုံမှာတဝကြီးကျင်လည်ပြီးမှ
နင့်အတွက်ငါကောင်းမှုတစ်ခုပေးဖို့
အပြုံးတွေနဲ့ပြန်ခဲ့မယ်။

Wednesday, June 13, 2012

ကျေးဇုးပါမေမေ

ကျေးဇုးပါမေမေ
(မွတ်ဆလင်ပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်မိခင်တွေရဲ့သားသမီးအပေါ်ထားတဲ့မေတ္တာချင်းအတုတုပါပဲဗျာ..အပြစ်မဲ့ကလေးတွေကိုမရက်စက်ကြပါနဲ့)
ဒီနေ့..
အိမ်ကိုဖုန်းဆက်တော့အမေနဲ့စကားတွေအကြာကြီးပြောဖြစ်တယ်။
ကျနော့်အမေကလေ
သားရယ်ကုလားနဲ့ရခိုင်ဖြစ်ကြပြီဆိုကတည်းက
ဘယ်သုမှန်တယ်ဘယ်သုမှားတယ်အမေသေချာမသိပါဘုးတဲ့
ဒါပေမယ့်အမေမျက်စိထဲမှာမြင်ယောင်မိတာက
မိခင်တွေရဲ့ရင်ခွင်ထဲကကလေးတွေရဲ့မျက်နှာကိုပဲတဲ့
ရခိုင်မိခင်တွေကကိုယ့်သားသမီးတွေမီးလောင်စာမိမှာတွေကုလားသတ်လို့သေကြရမှာတွေကိုတွေးပုနေကြရမယ့််မျက်နှာတွေပုပင်သောကတွေကိုအမေကိုယ်ချင်းစာနိုင်သလိုပဲ
ကုလားမိခင်တွေကလဲကိုယ့်သားသမီးတွေအတွက်ဘယ်လောက်ထိစိတ်ပုနေကြရမလဲတဲ့
ဒုက္ခသည်စခန်းတွေကိုရောက်နေကြတဲ့ရခိုင်မိခင်တွေကလေးတွေနဲ့ပြေးစရာမြေမရှိလို့မြစ်ထဲကိုလှေတွေနဲ့မျောနေကြတဲ့ကုလားမိခင်တွေနဲ့ကလေးတွေဘယ်လောက်ထိဒုက္ခရောက်နေကြမလဲဆိုတာသားတွေးကြည့်စမ်းတဲ့။
ဗိုက်ဆာလို့အော်ငြည်းသံတွေရေငတ်လို့အော်ငိုသံတွေအမေကြားယောင်နေတယ်တဲ့။
အမေတစ်ယောက်ရဲ့သားသမီးတွေအပေါ်ထားတဲ့မေတ္တာတွေကိုမိခင်တွေဖြစ်တဲ့အမေတို့မိန်းမသားတွေပဲကိုယ်ချင်းစာနိုင်ပါတယ်တဲ့။..
အမေကတော့ကုလားမိခင်နဲ့ကလေးတွေပဲဖြစ်ဖြစ်ရခိုင်မိခင်နဲ့ကလေးတွေပဲဖြစ်ဖြစ်မိခင်ချင်းရောသားသမီးချင်းပါကိုယ်ချင်းစာတယ်တဲ့..။
...သြော်....အမေရယ်..အမေ့အတွေးအခေါ်အမေ့မေတ္တာတွေလောက်ပြည့်စုံနက်ရှိုင်းတဲ့အတွေးအခေါ်တွေလိုသားမတွေးမိခဲ့တာအမှန်ပါအမေ..။
အမေပြောမှသားမြင်ယောင်ကြည့်တယ်.စဉ်းစားတွေးကြည့်မိတယ်..အပြစ်မဲ့ကလေးတွေကိုမရက်စက်ကြပါနဲ့လို့လဲစိတ်ထဲမှာရေရွက်မိတယ်..။
သားကိုအခုလိုအတွေးအခေါ်မျိုးတွေပေးလို့..
ကျေးဇုးပါမေမေ..

Monday, June 4, 2012

ချစ်သုအတွက်မပေးဆပ်နိုင်ခဲ့သော..ငါးဆယ်တန်တစ်ရွက်

ငါးဆယ်.........

ဒီငါးဆယ်ဘယ်အရေးရယ်လဲလို့
သင်တွေးကာပြုံးလှောင်ရယ်ရင်ရယ်နေမပေါ့
ဒါပေမယ့်..ငါ့သခင်ရဲ့အပြုံးတွေဝေးကွာ
ငါ့ကိုငါနာကျဉ်းခဲ့ဖုးတယ်။

ငါးဆယ်..........

တစ်ခါတုန်းကတက္ကသိုလ်မှာ
ဒီငါးဆယ် ငါမပိုင်ဆိုင်လို့
ငါ့ချစ်သုခြေဖဝါးနုကို
သွေးချဉ်တောင်ဥစေခဲ့တယ်။

ငါးဆယ်........

အိမ်အပြန်ကားခရှာ
သု့ခမျာမျက်ရည်ဝဲလည်နဲ့
အော်..ကိုယ်ရယ်ရှာပါဦးရယ်တဲ့
အားကိုးတကြီးပြောဖုးရှာတယ်။

ငါးဆယ်............

ရခဲ့ဖုးသမျှဒဏ်ရာ
ဒီတစ်ခါအနာဆုံးရယ်
မရှိတဲ့သိက္ခာ..ငါးဆယ်မှာကြွေကျမြေခ
ချစ်သောသုချွေးအစို့ကို
ကိုယ်သုတ်ကာပေးသော်ငြားလဲ
သု့ကိုသနားစိတ်ရယ်ကြောင့်
ရင်ဆို့ခဲ့တယ်။

ကျားကလေးနဲ့နွားကလေး

ထွေထွေထုးထုးတော့မဟုတ်ပါဘုးငယ်ငယ်ကအဖွားပြောပြဖုးတဲ့ဝတ္တုတိုလေးကိုအခြေခံထားတာပါ....
သိမကြာခင် အချိန်ကာလလေးတစ်ခုကပေါ့ဗျာ..
ကျားဆိုတဲ့ကောင်လေးတစ်ယောက်နဲ့နွားဆိုတဲ့ကောင်မလေးတစ်ယောက်
တစ်ယောက်ကိုတစ်ယောက်ချစ်ကျွမ်းဝင်ကြပြီးတော့
ဘဝတစ်ခုကိုတုတုဖြတ်သန်းဖို့အရေးကြီုးစားကြသတဲ့လေ
ဒီလိုနဲ့သုတို့နေထိုင်ရာနေရာဒေသမှာစားကျက်မြေတွေကခေါင်ပါး
လုတွေကသစ္စာသမာဓိမဲ့လာကြတော့
ကျားလေးနဲ့နွားမလေးတို့သုတို့ဘဝရှေ့ရေးဆွေးနွေးတိုင်ပင်ကြရင်း...နွားမလေးကပြောသတဲ့
ကိုရွှေကျားလေးရေ..ကျုပ်တို့ဒီအတိုင်းဒီနေရာမှာရှာဖွေစားသောက်လို့တော့
ချမ်းသာမယ့်လမ်းမမြင်ဘုးတော်ရေ.ဒါကြောင့်တစ်ရွာမပြောင်းသုကောင်းမဖြစ်.ရေကြည်ရာမျက်နုရာရှာကြရအောင်လား။
ပြောလာတော့..ကျားလေးကလဲသဘောတု..ကဲဒါဆိုလဲနွားမလေးရေ..
ကျုပ်နိုင်ငံခြားဆိုတဲ့စားကျက်မှာအစာရှာထွက်မဟဲ့.ကျားမလေးအိမ်မှာပဲနေပေါ့..
ဒါပေမယ့်.ဒီနယ်တစ်ဝိုက်မှာကလဲတခြားကျားတွေခြင်္သေ့တွေကသောင်းကျန်းသကွယ်..
နွားမလေးကိုတခြားကျားကြီးတွေခြင်္သေ့ကြီးတွေကဝိုင်းဝန်းရန်ပြုလာတဲ့အချိန်
နွားမလေးဘေးမသီရန်မခစေဖို့ကျားလေးဆီအချက်ပေးအကြောင်းကြားလို့ရအောင်
ခေါင်းလောင်းလေးတစ်လုံး(ဖုန်း)ချန်ထားခဲ့ပေးမယ်..။
တကယ်လို့ဘေးအန္တရာယ်တစ်ခုခုကြုံလာရင်.ကျားလေးဆီချက်ချင်းဆက်သွယ်ပါ..ပေါ့။
အဲလိုနဲ့ကျားလေးခမျာအရမ်းချစ်ရတဲ့နွားမလေးကိုချန်ထားခဲ့ပြီးစားကျက်ရှာထွက်လာခဲ့တာ
နွားမလေးကိုလဲတခြားကျားတွေ ခြင်္သေ့တွေစားမှာလဲတွေးပု..နေရရှာသပေါ့။
ဒိလိုနဲ့ကျားလေးမှာရှာသမျှနွားမလေးအတွက်ပဲဆိုတဲ့စိတ်နဲ့အလုပ်လုပ်နေလိုက်တာ
သိပ်မကြာခင်မှာပဲ..နွားမလေးဆီကဖုန်းခေါ်သံတစ်ချက်ကြားလိုက်ရတော့..
ကျားလေးမှာထုထုပုပုနဲ့ငါ့နွားမလေးဘာများဖြစ်ပြီလဲဆိုပြီးနွားမလေးလေးဆီအရောက်သွား
 ဟိုရောက်တော့နွားမလေးက..ရှင်ကျွန်မကိုတစ်ကယ်ချစ်မချစ်စမ်းတာတဲ့လေ။
ဒါနဲ့ပဲကျားလေးကပြန်လာနောက်ထပ်အလုပ်တွေလုပ်
နောက်နဲနဲကြာတော့..နောက်ထပ်ဖုန်းမြည်သံလေးကြားနွားမလေးကလာကယ်ပါပြောတော့
နောက်တစ်ကြိမ်နွားမလေးဆီအပြေးသွား.ဟိုရောက်တော့..သု့နွားသုငယ်ချင်းတွေက
နင့်အကောင်နင့်ကိုတစ်ကယ်ချစ်မချစ်စမ်းခိုင်းတာတဲ့လေ..။
ဒီလိုနဲ့ကျားလေးလဲသု့အလုပ်လုပ်ရာစားကျက်မြေအသစ်ဆီပြန်လာ.အလုပ်တွေလုပ်နေပြန်တော့
နောက်တစ်ကြိမ်ဖုန်းခေါ်လာပါလေရောတဲ့..နွားမလေးကသု့ကိုအမြန်လာကယ်ပါပေါ့
ဒါနဲ့ကျားလေးကလမ်းစရိတ်လဲမလွယ်ပါကွယ်.အရင်၂ခါကလိုသုငါ့ကိုစမ်းတာပဲနေမှာပါလေဆိုပြီး
ပိုက်ဆံတွေကြိုးစားရှာဖွေစုနေလိုက်တာ
နောက်ဆုံးသု့သုငယ်ချင်းတစ်ယောက်သုနေထိုင်ရာစားကျက်မြေကိုရောက်လာရင်းကသတင်းကြားလိုက်ရတာက..
(ကျားလေးရေ..မင်းရဲ့နွားမလေး..မင်းထက်ခွန်အားဗလဓနအင်အားသာတဲ့ကျားကြီးတစ်ကောင်နဲ့
ခြင်္သေ့တွေကြားထဲမှာပျော်နေလေရဲ့)တဲ့..။..ပုံပြင်လေးကတော့..ဒါပါပဲ