Thursday, June 14, 2012

စီးဆင်းမှုအဆုံးသတ်မဲ့..မြစ်

တွေ့လဲမခေါ်အော်လဲမကြား
အသူရကယ်ဘဝနဲ့နွားတစ်ကောင်
နှလုံးသားရဲ့သောကအလယ်လောက်က
ဒီမျက်ရည်စက်တွေငါမွေးဖွားခဲ့တယ်
ပျော်ပါစေချစ်သု
တစ်ခါကချောမွေ့သောလမ်းမှာ
အမှောင်ကမ္ဘာကိုငါတွေ့ခွင့်ရခဲ့ပြီ
စမ်းတဝါးဝါးနဲ့ရှာဖို့တောင်
မျက်လုံးတစ်စုံနင်ပေးသနားတော်မမုခဲ့ဘုး
ဒါဟာပဉ္စလက်တဲ့လား
အကန်းကမော့နေတာကိုမှ
နင့်အလှမှာငါ့ကိုငါယစ်မုးခဲ့တယ်
ငါဟာငရဲသွားဖို့ကိုယ့်ကိုကိုယ်နဖားကြိုးထိုး
နင့်နှလုံးသားမှာအနားသတ်
မုသားတွေနဲ့
နင့်ကိုစိတ်ဆင်းရဲမှုတဝကြီးပေးခဲ့တယ်
အကုသိုလ်ဆိုတာငါ့ရဲ့ကျောချရာစက်တော်ကော်ဇောတချပ်မို့
အပယ်လေးဘုံမှာတဝကြီးကျင်လည်ပြီးမှ
နင့်အတွက်ငါကောင်းမှုတစ်ခုပေးဖို့
အပြုံးတွေနဲ့ပြန်ခဲ့မယ်။

No comments:

Post a Comment