Wednesday, May 23, 2012

ညစ်ကြေခဲ့ပြီးသော..ဂင်္ဂါ

....ဂင်္ဂါ....
အရင်က
ငါဆိုတဲ့မြစ်မှာ
ဘုရားရှင်တောင်ကိုယ်လက်သန့်စင်တော်မုလို့
ငါ၏ကမ်းနဘေး
သုတော်စင်တွေထွန်းကားခဲ့လေရဲ့..။
 
သန့်စင်မှုရဲ့တည်ကြည်မြတ်နိုးမှုအတွက်
ငါ့ကိုငါ တန်ဖိုးထားခဲ့တယ်..ချစ်သု
မင်းရဲ့အပြစ်တွေပယ်ရှားသန့်စင်ဖို့
ငါ့မျက်ရည်မှာမဆေးကြောခင်အထိကပေါ့။
 
အခုတော့..
ငါ့ရင်မှာသောင်တွေအထပ်ထပ်ထွန်း
မင်းပေးထားခဲ့တဲ့ကြေကွဲမှုအမှိုက်သရိုက်တွေနဲ့
ငါ့ရယ်သံကိုတောင်ငါမသထီချင်တော့
ဘယ်သုကငါ့အပေါ်ဖြတ်လျှောက်ချင်ပါဦးမလဲ။
 
မင်းရဲ့အယုဆတွေက
ငါ့ကိုညစ်ထေးစေတာကလွဲရင်ဘာကောင်းကျိုးမှမပေးခဲ့တာလဲ
မျက်ရည်စီးကြောင်း..ကောက်ကြောင်းမထင်တစ်ချက်ထင်တစ်ချက်
စီးကျနေတာတွေသက်သေရှိတယ်လေကွယ်။
 
ငါ့ကို..တိမ်ကော ပျောက်ပြယ်..သွားစေချင်တဲ့
မင်းရဲ့ စိတ်အာရုံတွေကို
ငါ့နှလုံးသွေးနဲ့ဆေးကြော
အသစ်တခါ..ငါပြန်နိုးထချင်ပါရဲ့။
 
နောင်တမရတတ်တာကိုမှ
လုမိုက်လို့ခေါ်ရင်
ဒီကမ္ဘာမှာ..ငါ့လောက်မိုက်မဲတဲ့..မြစ်တစ်စင်း
နောက်ထပ်ရှိလာမှာမဟုတ်တော့ဘုး။